လှပဝင်းဖန့်တဲ့ အသားအရေကို ပိုင်ဆိုင်စေဖို့
25-Feb-2017
အိမ်ထဲမှာပဲ ရှိနေပြီးသားဖြစ်တဲ့ ပစ္စည်းလေးတွေနဲ့ မျက်နှာပြင်ကို ဖြူဖွေး ဝင်းပအောင် ပြုလုပ်လို့ ရပါတယ်။ ဒီပစ္စည်းတွေကို မိမိရဲ့ မီးခိုချောင်အတွင်းမှာပဲ ရရှိနိုင်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဂျုံမှုန့်၊ ပျားရည်၊ သံပရာသီးတို့ပဲ ဖြစ်ပါတယ်။ ဘယ်လို့ပေါင်းတင်ရမလဲဆိုတော့ ဂျုံမှုန့်စတီးလ်ဇွန်း နှစ်ဇွန်း၊ ပျားရည် စတီးလ်နှစ်ဇွန်း၊သံပရာသီးအချပ်ပါးနှစ်ခြမ်းတို့ကို အသင့်ပြင်လိုက်ပါ။ ဂျုံမှုန့်စတီးလ်ဇွန်းနှစ်ဇွန်းနဲ့ ပျားရည်စတီးလ်ဇွန်း သုံးဇွန်းတို့ကို ခွက်အလွတ်တစ်ခုတည်းမှာ ရောမွေလိုက်ပါ။
ပြီးနောက် သံပရာသီး အချပ်ပါးနှစ်ခြမ်းကို ညှစ်ထည့်ပေးလိုက်ပါ။ ခွက်ထဲ ထည့်ပြီးသမျှကို သမအောင်မွှေပြီး သင့်ရဲ့မျက်နှာပြင်နဲ့ ခန္ဓာကိုယ်ရဲ့ ခြေတွေလက်တွေပေါ်က အညစ်အကြေးတွေ ကင်းစင်သွားမှာ အသေအချာပါပဲ။ ရေအေးအေးနဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းလိုက်တဲ့နောက်မှာတော့ မိမိကိုယ်ကိုယ် မယုံကြည်နိုင်လောက်အောင် လှပချောမောနေတာကို တွေ့ရမှာ အမှန်ပါပဲ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပိုးဥ
Health for all magazine, No.110, March 2016, Pg. 61
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

